အမေရိကန်ဒေါ်လာ (၂) သန်းထိ ပေးအပ်သွားမယ့် PUBG Mobile Global Championshiop




By Aung Myo Hein

ကမ္ဘာ့အကြီးဆုံး Mobile Esport ပြိုင်ပွဲဖြစ်သည့် PUBG Mobile Championship ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုကြေးငွေအမေရိကန်ဒေါ်လာ (၂) သန်းထိပေးအပ်သွားမယ်လို့ သိရပါတယ်။ 

ထိုပြိုင်ပွဲ မတိုင်မှီ စက်တင်ဘာလ (၈) ရက်နေ့တွင် နည်းပညာအသစ်၊ UX အသစ်အပြင် Gameplay Features အသစ်များနှင့်အတူ မိုဘိုင်းလ်ဖုန်းနှင့် ကစားသည့် အခါ ပိုမိုကောင်းမွန်ပြီး လက်တွေ့ဆန်ဆန် ပြိုင်ပွဲဝင်နေသည့် ခံစားချက်ကို ရရှိစေမည့်  Version 1.0 ကိုလည်း ကစားသူများအတွက် Update ပေးသွားမည်ဖြစ်သည်။ 

အသစ်ထွက်ရှိလာမည့် Version 1.0 တွင် ပိုမိုအသေးစိတ်ကျသောပြောင်းလဲမှုများလုပ်ထားပြီး Character ၊ Main Lobby Lights ၊ ကစားသည့် ပတ်ဝန်းကျင်၏ Graphic Design များအပြင် ၊ Texture Quality ၊ လေထီးနှင့်ဆင်းခြင်း ၊ ပြေးခြင်းများကို ပိုမိုကောင်းမွန်အောင်လုပ်ထားသဖြင့် Battle Royal ခံစားမှုအစစ်အမှန်ကို ပိုမိုခံစားစေရမည်ဖြစ်သည်။ 

ထို့အပြင် Player များ၏ ထိန်းချုပ်ရာတွင် ပိုမိုတိကျစေရန် Interface နှင့် Interactions၊ Visuals၊ Motions နှင့် Sound Effects အရည်အသွေးများကိုလည်း ပြန်လည်ပြုပြင်မွမ်းမံ ထားမည်ဟုသိရသည်၊၊ 

ထို့ပြင် PUBG MOBILE World League (PMWL) နှင့် World Championship တို့ ပူးပေါင်း၍ ကမ္ဘာ့အကြီးဆုံးမိုဘိုင်း Esports ပြိုင်ပွဲဖြစ်သည့် PUBG MOBILE Global Championship (PMGC) ကိုကျင်းပသွားမည်ဖြစ်သည်။ PMGC ၏ Season Zero သည် နိုဝင်ဘာလ နှောင်းပိုင်းတွင် စတင်မည်ဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း နှင့် တရုတ်နိုင်ငံရှိ ဒေသများမှ ထိပ်တန်းကစားသမားများမှ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကာ Global Champions ဆုနှင့် PUBG Mobile Esports သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးဆုဖြစ်သည့် ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာ ၂ သန်း ဆုငွေဆွတ်ခူးရရှိရန် ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ 

ကမ္ဘာလုံးဆိုင်ရာ Covid-19 ကပ်ရောဂါကြောင့် PMGC Season Zero ပွဲတွင် အားပေးနိုင်သည့် ပရိသတ်များရှိမည် မဟုတ်သော်လည်း လုံခြုံဘေးကင်းမှုရှိစေရန် ပြိုင်ပွဲကို နိုဝင်ဘာလနှောင်းပိုင်းတွင် စတူဒီယိုများ အသီးသီးတွင် နေရာယူကာ ကျင်းပမည်ဖြစ်ပြီး အဓိက ကူညီပံ့ပိုးပေးသူမှာ  ကမ္ဘာ့အဆင့်မီ Wireless Technology နည်းပညာလောကတွင် ဦးဆောင်နေပြီး 5G ပိုမိုတွင်ကျယ်လာစေရန်နှင့် မိုဘိုင်းလ်ဂိမ်း ဆန်းသစ်တီထွင်မှုတို့ကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နေသည့်  QualcommTechnologies မှဖြစ်သည်။ 

ယခင် PMGC Season Zero တွင် ကမ္ဘာ့ အရှေ့နှင့် အနောက်မှ အသင်း (၄၀) ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပရိသတ်ပေါင်း ၁.၁ မီလီယံ​​ကျော် ကြည့်ရှုခဲ့ပြီး စုစုပေါင်း နာရီ ၄၀ မီလီယံကျော်ရှိပြီး  PUBG Mobile Esports သမိုင်းတစ်လျှောက်တွင် အများဆုံးကြည့်ရှုသူအဖြစ်စံချိန်ချိုးခဲ့သည်။

 

 

Event & Entertainment Read 206 times