အိမ်ငှားချင်တဲ့ သူတွေအတွက် (၆) လထိစိုက်ငှားပေးထားမယ့် Nay Yar

Ads Ads Ads

By Aung Myo Hein

နေရာ” ဆိုတာ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားပြီး ဝင်ငွေ အသင့်အတင့်သာရှိတဲ့ ဝန်ထမ်းတွေ ၊ (၆)လ (၁)နှစ် စာအိမ်ငှားခ မတတ်နိုင်တဲ့ သူတွေအတွက် ဝန်ဆောင်မှု ပေးနေတဲ့ Myanmar SME အိမ်ငှားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုပါ။ "နေရာ" ကို Phandeeyar Institute ရဲ့ အကူအညီနဲ့ အောက်တိုဘာ (၂၀၁၈) မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။ 

ရန်ကုန်မှာ အကုန်အကျအများဆုံး အရာတွေထဲမှာ အိမ်ငှားခကလည်း တစ်ခုအပါအဝင်ပါ။ ကိုယ့်ရဲ့ ရတဲ့လခထဲကမှ တစ်ဝက်လောက်ကိုအိမ်ငှားဖို့ အသုံးပြုနေရတာဖြစ်ပြီး အိမ်ငှားခတွေဟာ တခြားနိုင်ငံတွေရဲ့  အဓိကမြို့ကြီးတွေနဲ့ နှိုင်းယှဥ်ရင်တောင် တော်တော်လေးကြီးမြှင့်နေတယ်လို့ဆိုနိုင်ပါတယ်။ 

အငှားပြည့်လို့ အသစ်ပြောင်းမယ်ဆိုရင်လည်း ရှာရဖွေရနဲ့ ဒုက္ခများပါတယ် ။ ဒါ့အပြင် အိမ်ရှင်တွေက စပေါ်မပေးနိုင်ရင် (၆)လ နဲ့ (၁) နှစ်သာ ငှားချင်ကြပြီး စပေါ်ပေးနိုင်မှ လချင်းပေးလို့ရတာဖြစ်ပါတယ်။ ဒီလိုမျိုး အခက်အခဲတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး ဘာလို့လဲဆိုတော့ “နေရာ” ကနေ “စိုက်ငှား” ဆိုတဲ့ အစီအစဥ်လေးရှိလို့ပါပဲ။

 ဒီအစီအစဥ်လေးက (၆) လစာမတတ်နိုင်တဲ့ သူတွေအတွက် “နေရာ” က စိုက်ပေးထားမှာဖြစ်ပြီး တစ်လချင်း အရစ်ကျပြန်ဆပ်သွားရုံပါပဲ။ ဒီလိုပြန်ဆပ်တဲ့နေရာမှာ (၆) လစာရဲ့ (၃)ရာခိုင်နှုန်းကိုတော့ Service Charge အဖြစ်ပေးဆောင်သွားရမှာပါ။ ဥပမာ- အိမ်တစ်လငှားခ (၁၀၀,၀၀၀) * (၆) = ,၆၀၀,၀၀၀ကျမယ်ဆိုရင် ကုန်ကျမယ့် ၆၀၀,၀၀၀ ကိုစိုက်ထားပေးမှာဖြစ်ပြီးတော့ (၆၀၀,၀၀၀) ရဲ့ ၃% ဖြစ်တဲ့ (၁၈၀၀၀)ကျပ်ကို တစ်လစာလခဖြစ်တဲ့ (၁၀၀,၀၀၀) မှာပေါင်းပြီး တစ်လကို (၁၁၈,၀၀၀) ပြန်ဆပ်ရုံပါပဲ။ 

“စမ်းချောင်း၊ ကမာရွတ် ၊ လှိုင်နဲ့ တာမွေမြို့နယ်က အခန်းတွေမှာ ဒီလိုအစီအစဥ်နဲ့ ဝန်ဆောက်မှုပေးနိုင်ဖို့အတွက် လောလောဆယ်  ဧရာဝတီဘဏ်နဲ့ ဆွေးနွေးမှုတွေလုပ်နေပါတယ် “ ဟုလည်း နေရာ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Ko Andrew Kyaw ကပြောပါတယ်။

နေရာ၏ Facebook Page

 https://www.facebook.com/nayyarplatform

Business Live-Style Read 326 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021