“ လိုလျှင်ယူပါ၊ ပိုလျှင် လှူပါ “ ဆိုသည့် သန်လျင်မြို့ရှိ Food Box အလှူ

Ads Ads Ads

ပြီးခဲ့သော အောက်တိုဘာလ၊ ၂၂ရက်နေ့တွင် သန်လျင်မြို့ရှိ TOGETHER THANLYIN အဖွဲ့အစည်းမှ ဦးဆောင်ကာ သန်လျင်မြို့နယ်နေ ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များ ထည့်သွင်းပေးထားသည့် Food Box များအား မြို့နယ်အတွင်း၌ စတင်ထားရှိခဲ့ကြောင်း သိရသည်။

ထို Food Box မှာ သန်လျင်မြို့နယ်ရှိ အလှူအတန်း ပြုလုပ်လိုသူ စေတနာရှင် အလှူရှင်များ၊ ပရဟိတ အဖွဲ့များ စားသောက်ကုန်များ လှူဒါန်းပေးရာတွင် ပိုမိုလွယ်ကူ ထိရောက်စွာ လှူဒါန်းနိုင်ရေးအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပြီး အခြေခံ မိသားစု ပြည်သူများအတွက် တစ်ရက်စာ လိုအပ်သလောက် စားသောက်ကုန်များ ယူဆောင်နိုင်ရန် စီစဉ်ပေးထားသည်။

၎င်း Food Box အား သန်လျင်မြို့၊ ဗိုလ်ချုပ် နေဝင်းလမ်းနှင့် ဖို့မြေလမ်းဆုံ အနီး ဖို့မြေလမ်းမကြီး ဘေး၌ မနက် ၁၁နာရီက စတင်ထားရှိခဲ့ပြီး ကိုဗစ်ကာလ အတွင်း ခက်ခဲနေသော ပြည်သူများအားလုံး အဆင်ပြေစေရန် Food Box များကို သန်လျင်မြို့တွင်း ထပ်မံတိုးချဲ့ ထားရှိသွားမည်ဟု TOGETHER THANLYIN မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Food Box အတွင်းတွင် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် အာလူး၊ ကြက်သွန်၊ ဂေါ်ဖီ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုံညင်းရွက်၊ ဗူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ရခါးသီး၊ ပဲသီး၊ ဖရုံသီး၊ သခြားသီး၊ ဌက်ပျောသီး၊ ကြက်ဥ စသည်တို့ ထည့်သွင်းပေးထားပြီး နောက်ပိုင်းတွင် အခြေခံစားကုန် ဆန်၊ ဆီ၊ ဆား စသည့်တို့ပါ ထည့်သွင်းပေးနိုင်ရေး စီစဉ်လျက် ရှိကြောင်း သိရသည်။

အခြေခံ ပြည်သူများ Food Box အတွင်းရှိ စားသောက်ကုန်များကို အလွယ်တကူ ရယူနိုင်ရန် တစ်အိမ်ထောင်စာ အထုပ်ကလေးများ ထုပ်ပိုးထားရှိပေးမည် ဖြစ်ပြီး လိုအပ်နေသည့် အိမ်ထောင်စုများ လာယူနိုင်သလို၊ ပိုလျှံသဖြင့် လှူချင်သော အိမ်ထောင်စုများ ရှိပါကလည်း လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် သန်လျင်မြို့နယ် အတွင်းရှိ ပြည်သူများ အနေဖြင့် ကျန်းမာရေး အခြေအနေကြောင့် နေအိမ်ပြင်ပသို့ ထွက်ရန် အခက်အခဲရှိသော ပြည်သူများ ဈေးဝယ်ယူလိုပါက ဈေးရှိ မူရင်းဈေးနှုန်း အတိုင်း ပို့ဆောင်ခ အခမဲ့ဖြင့် ကူညီ ပို့ဆောင်ပေးလျက် ရှိပြီး ရပ်ကွက်နှင့် ကျေးရွာများ အတွင်းသို့လည်း ဈေးကားများဖြင့် အခြေခံ စားသောက်ကုန် ပစ္စည်းများအား မူရင်း ဈေးနှုန်းများအတိုင်း လှည့်လည် ရောင်းချပေးလျက် ရှိသည်။

သန်လျင်မြို့နယ် နေအိမ်တွင်း ပိုးသတ်ဆေး ဖျန်းလိုလျှင် ဖြစ်စေ၊ Food Box တွင် စားသောက်ကုန်များ လာရောက် လှူဒါန်းရန် အခက်အခဲ ရှိလျှင် ဖြစ်စေ၊ စားသောက်ကုန်များ လှူဒါန်းလိုလျှင် ဖြစ်စေ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

TOGETHER THANLYIN
Phone - 09 763 168 439, 09 761 466 501, 09 456 337 991, 09 793 660 071, 09 262 895 094, 09 777 300 480, 09 798 004 397 

Eat & Drink Health & Wellness Read 273 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
29 Days left
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
29 Days left