(၈) နာရီအတွင်း Covid-19 ဓာတ်ခွဲနမူနာပေါင်း (၃၈၄) ခုကို စစ်ဆေးနိုင်တော့မည်




Cobas 6800 စက်အား မေလ၊ ပထမအပတ်ခန့်တွင် စတင်အသုံးချ၍ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး အဆိုပါစက်ကို (၈) နာရီကြာ လည်ပတ်အသုံးပြုလျှင် ဓာတ်ခွဲနမူနာပေါင်း (၃၈၄) ခုအား စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် COVID-19 နှင့် ပတ်သက်၍ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်သည့် Cobas 6800 စက် တပ်ဆင်မှုလုပ်ငန်းများကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ အပြီးသတ် ဆောင်ရွက်လျက် ရှိသည်။ 

အဆိုပါ စက်တပ်ဆင်မှုလုပ်ငန်းများ ပြီးဆုံးသည့်အခါ အရည်အသွေးပြည့်ဝမှု စစ်ဆေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုစစ်ဆေးမှုများ စနစ်တကျ လုပ်ဆောင်ပြီးပါက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် လက်ရှိ ဆောင်ရွက်နေသည့် ( Standard PCR ) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများနှင့် ပြိုင်တူစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်လူနာများအားလုံး၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများအားလုံးနှင့် အသွားအလာကန့်သတ်ထားသူများအနက်မှ သတ်မှတ်ရာခိုင်နှုန်းတို့ကို COVID-19 ရောဂါပိုး ရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး ယခုအခါ Cobas 6800 စက်ကို အသုံးချ၍ အရေအတွက် ပိုမိုစစ်ဆေးနိုင်တော့မည် ဖြစ်သည်။

Su Mon Oo ( Mine )
==============================

(၈) နာရီအတြင္း Covid-19 ဓာတ္ခြဲနမူနာေပါင္း (၃၈၄) ခုကို စစ္ေဆးႏိုင္ေတာ့မည္

Cobas 6800 စက္အား ေမလ၊ ပထမအပတ္ခန႔္တြင္ စတင္အသုံးခ်၍ COVID-19 ဓာတ္ခြဲစစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္မည္ဟု ခန႔္မွန္းထားၿပီး အဆိုပါစက္ကို (၈) နာရီၾကာ လည္ပတ္အသုံးျပဳလွ်င္ ဓာတ္ခြဲနမူနာေပါင္း (၃၈၄) ခုအား စစ္ေဆးႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ COVID-19 ႏွင့္ ပတ္သက္၍ ဓာတ္ခြဲစစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္သည့္ Cobas 6800 စက္ တပ္ဆင္မႈလုပ္ငန္းမ်ားကို ယေန႔ ဧၿပီလ ၂၇ ရက္ေန႔ အၿပီးသတ္ ေဆာင္႐ြက္လ်က္ ရွိသည္။ 

အဆိုပါ စက္တပ္ဆင္မႈလုပ္ငန္းမ်ား ၿပီးဆုံးသည့္အခါ အရည္အေသြးျပည့္ဝမႈ စစ္ေဆးျခင္းကို ျပဳလုပ္သြားမည္ျဖစ္ၿပီး ထိုစစ္ေဆးမႈမ်ား စနစ္တက် လုပ္ေဆာင္ၿပီးပါက အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ လက္ရွိ ေဆာင္႐ြက္ေနသည့္ ( Standard PCR ) COVID-19 ဓာတ္ခြဲစစ္ေဆးမႈမ်ားႏွင့္ ၿပိဳင္တူစစ္ေဆးမႈမ်ား ဆက္လက္ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ေစာင့္ၾကည့္လူနာမ်ားအားလုံး၊ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ အနီးကပ္ ထိေတြ႕ခဲ့သူမ်ားအားလုံးႏွင့္ အသြားအလာကန႔္သတ္ထားသူမ်ားအနက္မွ သတ္မွတ္ရာခိုင္ႏႈန္းတို႔ကို COVID-19 ေရာဂါပိုး ရွိ/ မရွိ ဓာတ္ခြဲစစ္ေဆးလ်က္ရွိၿပီး ယခုအခါ Cobas 6800 စက္ကို အသုံးခ်၍ အေရအတြက္ ပိုမိုစစ္ေဆးႏိုင္ေတာ့မည္ ျဖစ္သည္။

Su Mon Oo ( Mine )
 

<< Back
Health & Wellness Yangon Trend Read 437 times

Featured categories

All categories