အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သော Coffee နှင့် Candy (၃) မျိုးကို FDA ထုတ်ပြန်




 

ASEAN Post-marketing Alert System ဖြင့် အကြောင်းကြားမှုအရ စင်္ကာပူနိုင်ငံရှိ Health Sciences Authority (HSA) ၏ဈေးကွက်ထောက်လှမ်းခြင်းနှင့် နမူနာကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် Coffee Shop များနှင့် Online တွင် ရောင်းချနေသော Health Products (၃)မျိုးသည် အနောက်တိုင်းဆေးဝါးများ ရောနှောပါဝင်နေသည့်အတွက် သောက်သုံးရန် မသင့်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ Coffee နှင့် Candy (၃) မျိုးမှာ... 

၁။ Kopi Jantan All Macca Coffee, 
၂။ Kopi Panggung AL-Ambiak Natural Herbs Coffee,
၃။ Berry Jaga Chewable Candy တို့ ဖြစ်သည်။

Kopi Jantan Ali Macca Coffee တွင် Sildenafil ပါဝင်နေခြင်း၊ Kopi Panggung Al-Ambiak Natural Herbs Coffee တွင် Desmethyl carbodenafil ပါဝင်နေခြင်း၊ Berry Jaga Chewable Candy တွင် Tadalafil ပါဝင်နေခြင်းကို တွေ့ရှိရကြောင်း သိရသည်။

အထက်ပါ Coffee နှင့် Candy တွင် ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရသည့်ဆေးဝါးများဖြစ်ပြီး Coffee နှင့် Candy ထဲတွင် ပါဝင်သည့် ဆေးပမာဏကို မသိရှိနိုင်ခြင်းကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ (လေဖြတ်ခြင်း (Stroke)၊ နှလုံးရောဂါ (Heart attack)၊ သွေးပေါင်ကျခြင်း (Low blood pressure)) ဖြစ်နိုင်ချေ ပို၍များပါသည်။ အထူးသဖြင့် နှလုံးရောဂါအတွက် သောက်ရသော (Nitrates) ဆေးဝါးသုံးစွဲ နေရသူများ သောက်သုံးမိပါက အသက်အန္တရာယ် စိုးရိမ်ရသော သွေးပေါင်ကျခြင်း (Life-threatening low blood pressure) ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် အဆိုပါ Coffee နှင့် Candyများကို Online တွင် တရားမဝင်ရ ရောင်းချခြင်းများရှိပါက ပြည်သူများအနေဖြင့် သိရှိ ရှောင်ရှားနိုင်ရန်နှင့် ဖြန့်ဖြူးရောင်းချသူများကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့်လည်း ဈေးကွက်ထောက်လှမ်းခြင်း (Postmarketing Surveillance) ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Su Mon Oo ( Mine )

Eat & Drink Health & Wellness Read 3770 times